
မြန်မာနိုင်ငံ၏ တောတောင်ရေမြေ အလှအပနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများအား တန်ဖိုးထား ထိန်းသိမ်းလာစေရန် တိုင်းရင်းသားများ ရိုးရာအဝတ် အထည်များ၊ ဒေသထွက်ကုန်များကို မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများပါ သိရှိပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်စေရေး ရည်ရွယ်ချက်နှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် "သွေးချင်းတို့ရဲ့ ပွဲတော်" ကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပနေသည်။ ။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် လွတ်လပ်ရေးကြေညာ စာတမ်းမှစကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ် သို့ ရောက်ခဲ့သည်။ ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်သို့ မရောက်မီကမူ ပဒေသရာဇ်ခေတ်ဖြစ်သည့်အလျောက် နိုင်ငံကို ဖွဲ့စည်းတည်ဆောက်ခဲ့သည့် ပုံစံနှင့် နိုင်ငံရေးစနစ်တို့မှာ ထိုခေတ်နှင့် လျော်ညီသည့်ပုံစံဖြစ်ခဲ့သည်။ ပဒေသရာဇ်မင်းများ အချင်းချင်း ဘုန်းလက်ရုံးတို့ အားပြိုင်မှုများ အခါအားလျော်စွာ ရှိခဲ့သော်လည်း လူမျိုးရေးမုန်းတီးမှုမျိုး လုံးဝမဟုတ်ခဲ့။ တိုင်းရင်းသားလူမျိုးများ တစ်မျိုးနှင့်တစ်မျိုးအကြား ကူးယှက်သွားလာ ဆက်ဆံကာ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြ
လူငယ်လူရွယ်များမှာ နိုင်ငံ၏ သားကောင်းရတနာများဖြစ်သည်။ လူငယ် လူရွယ်များမှာ ပျော့ပျောင်း နူးညံ့သော ဖယောင်းကဲ့သို့ဖြစ်သည်။ စိတ်ဓာတ် တက်ကြွပြီး အတုမြင်အတတ်သင် စူးစမ်းလေ့လာ တတ်သူများဖြစ်သည်။ လူငယ်များလမ်းမှန်ပေါ်တွင် တောက်ပြောင်သည့်ကြယ်ပွင့်များဖြစ်ပြီး လမ်းမှားသို့ ရောက်လျှင် တောက်ပြောင်သည့်အနာဂတ် ဆုံးရှုံးပျောက်ကွယ် နိုင်သည်။

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် Football for schools program ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုကွင်း၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အားကစား စိတ်ဓာတ်ဖြင့် စုပေါင်းညီညွတ်သည့်စိတ်ဓာတ် ပြုစုပျိုးထောင်ရေးနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်သော ကိုရိုနာဗိုင်းရပ်စ် ပိုးမွှားကူးစက်မှု ကမ္ဘာအနှံ့အပြားဆီသို့ ရောက်ရှိလာသည့်အခါ နိုင်ငံတကာတွင် အရေးပေါ်အချက်ပေး ခေါင်းလောင်းသံများ ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ ရောဂါပိုးကူးစက်မှုပျံ့နှံ့သည်မှာ မြန်ဆန်ခြင်း၊ လူလူချင်းကူးစက်နိုင်ခြင်း၊ ရောဂါ၏ထိုးနှက်မှုက ပြင်းထန်ခြင်း၊ သေကျေပျက်စီးရသည်အထိ ဖြစ်လာခြင်း တို့က နိုင်ငံအသီးသီးကို ချက်ချင်းဆိုသလို နိုးကြားသွားစေ၏။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မိမိလူမျိုး၊ မိမိအသိုင်းအဝိုင်း ကွက်ကွက်ကိုသာ ရွေးချယ်ကြည့်ရှု ဆက်ဆံ၍ရမည်မဟုတ်ပေ။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မတူကွဲပြားသော လူမျိုးများအားလုံးတို့ကို နားလည်ရန်၊ သိရှိရန်၊ ဆက်ဆံရန် လိုအပ်မည် ဖြစ်သည်။
လူတစ်ဦး ကျန်းမာစွာရပ်တည်ရှင်သန်နိုင်ရန်အတွက် လူ့ခန္ဓာကိုယ်တွင် ကောင်းမွန်သော ကိုယ်ခံအားစနစ် တည်ဆောက်ထားသည်။ ကိုယ်ခံအားစနစ် ကောင်းမွန်စွာ လည်ပတ်နေမှသာ အနာရောဂါကင်းရှင်းပြီး ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ဖွယ် ရောဂါများ ဖြစ်ပွားနေသော ယနေ့ကာလတွင် ကိုယ်ခံအားစနစ် ခိုင်မာအားကောင်းစေသော စားသောက်နေထိုင်မှု ပုံစံများကို နေ့စဉ်သတိပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။
အရောင်အသွေးစုံညီ ရနံ့သင်းသည့် ပန်းခင်းကြီး တစ်ခင်းသဖွယ်။ မတူကွဲပြားသည့် အလှတရား များကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်သည့်အခါ ခမ်းနားလှပသည့် အလှသစ်က ရှုမငြီးစရာ ထွက်ပေါ်လာသည်။ ယင်းသည် ပြည်ထောင်စု၏ အလှတရားဖြစ်သည်။ ပြည်ထောင် စုဖွား တိုင်းရင်းသားတို့၏ ကိုယ်စီအလှများကို တစ်ပေါင်းတစ်စည်းတည်း တစ်နေရာတည်းတွင် တွေ့ခွင့်ရနိုင်သည့် နေရာသည် “သွေးချင်းတို့ရဲ့ ပွဲတော်” ကြီး ပင်ဖြစ်သည်။

လူတို့ အသက်ရှင်သန်ရန်အတွက် လိုအပ်သည့် အာဟာရဓာတ်ကို ရရှိ စေရန်အလို့ငှာ အစားအစာကို မဖြစ်မနေစားကြသည်။ ယင်းသို့ မဖြစ်မနေ စားကြရသည့် အစားအစာသည်လည်း သန့်ရှင်းရန်၊ ကျန်းမာရေး နှင့် ညီညွတ်ရန်လိုသည်။ စားလိုက်သည့် အစာအာဟာရတို့ မသန့်မရှင်း၊ ဘေးမကင်းပါက အသက်ကိုပင် အန္တရာယ်ပြုနိုင်သည်။