Skip to main content
May 11, 2023
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။ ပြည်တွင်းအင်အားများသည် စုစည်းညီညွတ်ပြီးတက်ကြွလှုပ်ရှားကာ အပေါင်းလက္ခဏာဆောင်နေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန်ရရှိနိုင်ပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်မားအောင် ဆက်လက်တည်ဆောက်၍ ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်မည်ဖြစ်သည်။ စုစည်းညီညွတ်မှုမရှိ၊ အဖျက်အုပ်စုများပေါ်ထွက်နေလျက် ဆန့်ကျင်ဘက်လားရာများဆီသို့သာ ဦးတည်နေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အနုတ်လက္ခဏာပြပြီး နိမ့်ကျနေမည်ဖြစ်သည်။
May 10, 2023
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ အသိပေးထုတ်ပြန်လျက်ရှိသည်။ ယခုလက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းနှင့်ပတ်သက်၍ ဖြတ်သန်းကျော်ဖြတ်မည့် အခြေအနေများသည် ခန့်မှန်းချက်များသာဖြစ်သည်။ ခန့်မှန်းချက်များမှာ အချိန်ကာလဖြစ်ပေါ်မှုများအရ အမျိုးမျိုးပြောင်းလဲသွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မုန်တိုင်းနှင့်ပတ်သက်ပြီး မျက်ခြည်မပြတ်စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည်။
May 10, 2023
အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်(ယနေ့)တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင် ပြီး မေလ ၁၁ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိကာ ထိုမှတစ်ဆင့်မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်း သို့ ရွေ့လျားနိုင်ကြောင်း မိုး/ဇလက မေလ ၉ ရက် ည ၇ နာရီ အချိန်တွင်ထုတ်ပြန်ထားသည်။ မုန်တိုင်းဖြစ်ပေါ်လာချိန်တွင် မုန်တိုင်းရွေ့လျားနိုင်မည့်လမ်းကြောင်းကို ပိုမိုတိကျစွာ ခန့်မှန်း နိုင်မည်ဖြစ်သည်။
May 09, 2023
မြန်မာနိုင်ငံတွင် မုန်တိုင်းဖြစ်ပေါ်လာနိုင်မှုနှင့်ပတ်သက်၍ ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများဖြစ်နေကြသည်။ လက်ရှိအခြေအနေ၌ မုန်တိုင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခန့်မှန်းတွေ့ရှိချက်များကိုသိနေရသည်။ ပိုမိုတိကျမှုကိုမူ မုန်တိုင်းငယ်ဖြစ်ပေါ်လာပြီးမှ သေချာသည့်လမ်းကြောင်းကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ မုန်တိုင်းနှင့်ပတ်သက်၍ အရေးကြီးသည်မှာ သဘာဝဘေးအန္တရာယ်ကို ကာကွယ်မှု၊ ပြန်လည်ထူထောင်မှု၊ လျင်လျင်မြန်မြန် ပြန်လည်တုံ့ပြန် နိုင်စွမ်းရှိမှုတို့သည် အဓိကဖြစ်သည်။
May 09, 2023
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည်ဟု တွက်ချက်ခန့်မှန်းထားသည့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအနက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည်များကို စတင်ဆောင်ရွက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာတွက်ချက်ခန့်မှန်းချက်များအတိုင်းပင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီဖြစ်ရာ ဆက်လက်၍ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း ပြောင်းလဲဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်း ထားရပြီဖြစ်သည်။
May 08, 2023
၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မေလ ၆ ရက်နေ့က နေပြည်တော်တွင် သိုက်သိုက်ဝန်းဝန်း  ပျော်ပျော်ရွှင်ရွှင် ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ပြည်သူချစ်သော အနုပညာရှင်များနှင့် သုံးနှစ်သုံးမိုးကင်းကွာနေခဲ့ရာမှ ယခုကဲ့သို့ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲအခမ်းအနားကြီးတွင် တစုတဝေးတည်းပျော်ပျော်ရွှင်ရွှင် ဆုံစည်းနိုင်ခဲ့ကြသဖြင့် မြန်မာနိုင်ငံအတွက် ထူးခြားသည့် မင်္ဂလာရှိသောနေ့ ဖြစ်သည်။
May 08, 2023
လာမည့်ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းနှင့်စပ်လျဉ်း၍ ကောလာဟလများထွက်ပေါ်ပျံ့နှံ့နေသလို ပြည်သူလူထု အတွင်း၌လည်း စိုးရိမ်ပူပန်မှုများရှိနေကြောင်း သတင်းများကြားသိရသည်။ မုန်တိုင်းဆိုင်ရာ သတင်းအချက်အလက်များကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပြီး နိုင်ငံပိုင်မီဒီယာများ၊ ရုပ်မြင်သံကြား၊ အက်ဖ်အမ်ရေဒီယိုများ၊ မိုဘိုင်းဖုန်းဆက်သွယ်ရေး အော်ပရေတာများကလည်း ဖော်ပြပေးလျက်ရှိရာ မျက်ခြည်မပြတ်စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်မှုများကိုလိုအပ်သလို ဆောင်ရွက်သွားကြရမည် ဖြစ်သည်။
May 07, 2023
“တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းမှ ရရှိနိုင်သည်ကို အလေးအနက် သတိမူကြရမည်ဖြစ်ပါကြောင်း” နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
May 07, 2023
၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကြီးကို ခမ်းခမ်းနားနား၊ အောင်အောင်မြင်မြင်၊ ပျော်ပျော်ရွှင်ရွှင် ကျင်းပပြီးခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကဏ္ဍများစွာတို့၌ ထိခိုက်ခံစားခဲ့ရမှုများ ရှိခဲ့ရာတွင် အရွေ့တစ်ခုဆီသို့ရောက်ရှိနေသည့် မြန်မာ့ရုပ်ရှင်လောကလည်း ပါဝင်သည်။ နိုင်ငံတစ်ဝန်းလုံးတွင်ရှိနေသည့် ရုပ်ရှင်ရုံများတွင် ပြသမှုရပ်ဆိုင်းခဲ့ရခြင်းနှင့်အတူ ရုပ်ရှင်ကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းနေကြရသည့် အလွှာအသီးသီးတို့မှ ရုပ်ရှင်လောကသားများစွာ အခက်အခဲများ ကြုံတွေ့ကြရသည့် သတင်းများကိုလည်း ကြားသိခဲ့ရသည်။
May 06, 2023
နွေအကုန် မိုးဦးကာလရာသီဥတုအပြောင်းအလဲဖြစ်မှုကြောင့် လတ်တလောတွင် နိုင်ငံတစ်ဝန်း၌ မိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိသည်။ အဆိပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှုနှင့်ပတ်သက်၍ ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နေ့စဉ်အကြံပြုအသိပေးလျက်ရှိသည်။