Skip to main content
Apr 19, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် တွင် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်။”ဟူသော လုပ်ငန်းစဉ်တစ်ရပ်ကို ထည့်သွင်းချမှတ်ထားသည်။ အဆိုပါ ရှေ့လုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံသားအားလုံးပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်လည်း ဖြစ်သည်။
Apr 19, 2023
မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အမိမြန်မာနိုင်ငံတော်၏ မြေပေါ်တွင်နှစ်ပေါင်းထောင်ချီ အတူတကွ နေထိုင်ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရပေါင်းသင်းဆက်ဆံမှုတို့တွင် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အမှီသဟဲပြု၍ အကျိုးစီးပွားဖြစ်ထွန်းအောင် စိတ်တူကိုယ်တူညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ပြည်ထောင်စုဖွားအားလုံးတို့သည် တရားတော်အရ အဆွေခင်ပွန်းများဖြစ်ကြသည်။
Apr 07, 2023
ပြည်သူများလူမှုစီးပွားဘဝတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် အရေးကြီးသောကဏ္ဍဖြစ်သည်။ ပြည်သူများအနေဖြင့် လျှပ်စစ်စွမ်းအားဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နေကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့အောင်လိုအပ်နေသည့် လျှပ်စစ်စွမ်းအားများ အပြည့်အဝပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Apr 07, 2023
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်သတ်ဖြတ်မှု၊ တိုက်ခိုက်ဖျက်ဆီးမှုများအတွက် ပြည်ပနိုင်ငံအချို့တွင် ရောက်ရှိခိုလှုံနေကြသည့် ပြည်ပြေးလူပုဂ္ဂိုလ်အချို့၌ တာဝန်ရှိနေသည်။ ၎င်းတို့က မြန်မာနိုင်ငံတွင်လူအများအပြား အသုံးပြုကြသည့် လူမှုကွန်ရက်တို့မှတစ်ဆင့် ပြည်တွင်း၌အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ကြရန် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
Apr 05, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်စတင်ထမ်းဆောင်ချိန်တွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာကာ တိုင်းပြည်ဖျက်ဆီးရေးကို လုပ်ကိုင်လာကြသည်။ အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများ၊ စစ်ရေးမဟုတ်သည့် အခြားသောနေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ နိုင်ငံရေးကိုအကြောင်းပြ၍ တိုင်းပြည်အလုံးစုံပျက်စီးရေးကို ဖန်တီးနေခြင်းဖြစ်သည်။
Apr 05, 2023
ကမ္ဘာတစ်ခွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်နေစဉ်ကာလ ကမ္ဘာ့နိုင်ငံများစွာတို့တွင် တံခါးပိတ်စနစ်ကို ကျင့်သုံး၍ လူများလှုပ်ရှားသွားလာမှုကို ကန့်သတ်ခဲ့ကြရသည်။ အဆိုပါ အစီအစဉ်သည် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်အပေါ်၌လည်း အကျိုးသက်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ အဓိကအကျိုးသက်ရောက်မှုမှာ လူများငြိမ်သက်သွားခြင်းကြောင့် သဘာဝတရားကြီးက သန့်ရှင်းကြည်လင်စွာ နိုးထလာခဲ့ခြင်းပင်ဖြစ်သည်။
Apr 04, 2023
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အသိပညာ၊ အတတ်ပညာရှင်များပေါများခြင်းသည် အဓိကအချက်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတိုင်းနိုင်ငံတိုင်းသည် အသိပညာရှင်၊ အတတ်ပညာရှင်များပေါများရေးအတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးဆောင်ရွက်ကြသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများကိုကြည့်လျှင် အသိပညာရှင်၊ အတတ်ပညာရှင်များ လုံလောက်စွာရှိပြီး နိုင်ငံတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။
Apr 04, 2023
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းရာတွင် နိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးသူများအနက်မှ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက အတည်ပြုရန် ထောက်ခံခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းရာတွင် ချမှတ်ခဲ့သော သန္နိဋ္ဌာန် (၄) ရပ်မှာလည်း မှတ်သားစရာကောင်းသည်။
Apr 03, 2023
မြတ်စွာဘုရားရှင်သည် လောကလူသားများ ကောင်းကျိုးချမ်းသာဖြစ်စေသည့် ကောင်းမြတ်မှန်ကန်သော မင်္ဂလာတရား (၃၈)ပါးကို ဟောကြားတော်မူခဲ့သည်။ (၃၈)ဖြာမင်္ဂလာတရားတော်တွင် “ပူဇာ စ ပူဇနေယျာနံ” ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ “ဂါရဝေါ စ” ရိုသေထိုက်သူတို့ကို ရိုသေခြင်း၊ “နိဝါတော စ” မာန်မာန မရှိခြင်းဟူသည့် မင်္ဂလာတရားကို ကျင့်သုံးသောသူတို့သည် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာကောင်းကျိုးများကို တိုးပွားဖြစ်ထွန်းစေသည်။
Apr 03, 2023
လောကီအလို၊ နက္ခတ်ဂြိုဟ်က၊ ထိုထိုသီးပွင့်၊ ခါမလင့်ဘူး၊ နုရင့်ချိန်မီ၊ ကိုက်ဖူးစီလျက်၊ ရာသီမသိ၊ ပန်းနှင့်ညှိသော်၊ ညီဘိကာလ၊ မလွန်ကြရှင့် ... ဟူသော မဃဒေဝလင်္ကာ၏ အဆိုအတိုင်းပင် ဂြိုဟ်နက္ခတ်တို့သည် အချိန်မှန်လှည့်ပတ်လျက် ဥတုရာသီတို့ကလည်း အချိန်မှန်ကူးပြောင်းကြပြီး သစ်ပင်ပန်းမန်တို့ကလည်း သူ့အချိန်အခါ ရာသီအလိုက် ပွင့်ကြ၊ သီးကြကုန်သည်။ သဘာဝတရားကြီး၏ အချိန်မှန်လည်ပတ်နေသော ဖြစ်စဉ်တို့ကို မှတ်သား၍ လူတို့က နေ့၊ ရက်၊ လ၊ နှစ် စသည်တို့ကို ပိုင်းခြားသတ်မှတ်ကြကာ ယဉ်ကျေးမှုအစ ရှေးကာလမှသည် မျက်မှောက်ခေတ်တိုင်အောင် အသုံးပြုလျက်ရှိကြသည်။