Skip to main content
May 23, 2023
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို အမြို့မြို့အနယ်နယ်တို့တွင် ကျင်းပနေကြပြီဖြစ်သည်။ မုတ်သုံရာသီအစ ဇွန်၊ ဇူလိုင်လတို့တွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပကာ သစ်ပင်မျိုးစုံ သိန်းနှင့်သန်းနှင့်ချီ၍ စိုက်ပျိုးကြဦးမည်ဖြစ်သည်။
May 21, 2023
မြန်မာနိုင်ငံတွင် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အလေးထားလုပ်ဆောင်နေသည့်အချိန်အခါတွင် ဖြစ်ပေါ်တိုးတက်မှုများကို မလိုလားမရှုဆိတ်နိုင်သည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများက ပြည်သူများအထင်အမြင် လွဲမှားစေရန် အဆိုးမြင်အယူအဆများ မပြတ်သွတ်သွင်းနေသည်ကို မြင်တွေ့ ကြားသိကြရပေမည်။
May 21, 2023
“ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏အားကသာနိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ ဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက် နေ့ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများ အား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
May 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ပါ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး” ဟူသည့်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကို နေပြည်တော်၌ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။
May 20, 2023
ဆင်းရဲမွဲတေမှုဟူသည် ပိုင်ဆိုင်မှုနည်းပါးသော သို့မဟုတ် ဝင်ငွေနည်းပါးသောအခြေအနေကိုဖော်ပြသည်။ ဆင်းရဲမွဲတေမှု ဝါ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာတွင် လူတစ်ဦးအတွက် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်လိုအပ်သည့်ဝင်ငွေနှင့် တိုင်းတာသည်။ နောက်တစ်နည်းမှာ တူညီသောနေရာနှင့် တူညီသောအချိန်ကာလအတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံးသော လူနေမှုအဆင့်အတန်းကို ပြည့်မီခြင်းရှိမရှိနှင့် တိုင်းတာသောနည်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အခြေခံအကျဆုံးအချက်မှာ ဝင်ငွေနည်းပါးခြင်းပင်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အဘက်ဘက်မှနိမ့်ကျစေသည်။
May 19, 2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရှေးဟောင်းအမွေအနှစ်များဖြစ်သည့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇက အနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင်တောဘုရားတို့၌ ရေဝင်မှုများဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား၊ အဆောက်အအုံရှစ်ခုတို့တွင် ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည်။
May 19, 2023
မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အဖျက်စွမ်းအားကြောင့် ဖြစ်ပေါ်လာခဲ့သည့် အပျက်အစီးပမာဏမှာ လွန်စွာကြီးမားကျယ်ပြန့်များပြားလှသည်ဖြစ်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများမှာလည်း ပမာဏကြီးမားလှသည်။ အထူးသဖြင့် မုန်တိုင်းစတင်ဝင်ရောက်ဖြတ်ကျော်ခဲ့သည့် ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်ကို အများဆုံးထိခိုက်ခံခဲ့ရသောဒေသဖြစ်သည့်အလျောက် ကူညီကယ်ဆယ်မှုနှင့် ပြန်လည်ထူထောင်မှုတို့၏ အဓိကမျက်နှာစာလည်း ဖြစ်နေသည်။
May 18, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သည် မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများမှ စစ်တွေမြို့အနီး ဖြတ်ကျော်တိုက်ခတ်စဉ် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် မုန်တိုင်းသင့်ဒေသများအား ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများ ရောက်ရှိစေရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ထိခိုက်ပျက်စီးသည့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ပေးလျက်ရှိ သည်။
May 18, 2023
မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်သည်။ လူတစ်ဦးချင်းအဖို့ ပညာကောင်းစွာ တတ်မြောက်ရန်လိုအပ်သလို နိုင်ငံအနေဖြင့်လည်း တစ်မျိုးသားလုံးပညာရည်မြင့်မားရန် လိုအပ်သည်။ ပညာတတ်မြောက်သူသည် မတတ်မြောက်သူထက် ဘဝလမ်းခရီး၌ အခွင့်အလမ်းပိုသာသည်။ ဘဝကိုပိုမို၍ကောင်းမွန်အောင် တည်ဆောက်နိုင်ရန်နှင့် ဝင်ငွေမြင့်မား နိုင်ရန်တို့အတွက်လည်း ပညာရေးကအထောက်အကူပေးနိုင်သည်။ ပညာမတတ်မြောက်သူသည် မိမိ၏မိသားစုနှင့် လက်ရှိရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကိုပင် ကောင်းစွာ သိရှိနားလည်နိုင်စွမ်းမရှိသော်လည်း ပညာတတ်မြောက်သူမှာမူ ပိုမို၍အမြင်ကျယ်၊ ပိုမို၍နိုးကြားပြီး ကမ္ဘာလောကတစ်ခွင်ကို သိနားလည်နိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရန် တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ပြီး ပညာတတ်၊ ကျွမ်းကျင်သူများ ရရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့်သာ တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်ကို ရရှိနိုင်သည်။
May 16, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည့်အတိုင်း ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်း မတူပီမြို့အနီးမှ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး (မြောက်ပိုင်း) တို့သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။