May 06, 2023

ဖွံ့ဖြိုးတိုးတက်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနှင့် စည်းလုံးညီညွတ်ခြင်းတို့က တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ မစည်းလုံးမညီညွတ်ပါက တည်ငြိမ်အေးချမ်းခြင်းကိုမရရှိနိုင်။ တည်ငြိမ်အေးချမ်းခြင်းမရှိပါက ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်၍မရနိုင်သည့်အတွက် မဖွံ့ဖြိုးမတိုးတက်နိုင်။ ရှေးကတည်းက ရာစုနှစ်ပေါင်းများစွာ အတူတကွနေထိုင်လာခဲ့ကြသည့် ပြည်ထောင်စုကြီးအတွင်းမှ တိုင်းရင်းသားလူမျိုးများအကြား သံသယများ၊ သွေးခွဲမှုများကို မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးကွာသည့်အရပ်မှ လာရောက်ကျူးကျော်နယ်ချဲ့ခဲ့ကြသူများက ကောက်ကျစ်စဉ်းလဲစွာ ဖန်တီးခဲ့ခြင်းမှအစပြုကာ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ရရှိအောင် ဆယ်စုနှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ၊ မဆုတ်မနစ် ကြိုးပမ်းတည်ဆောက်နေကြရဆဲဖြစ်သည်။
May 05, 2023

မျက်မှောက်ကာလ ကောင်းမှုအထူးပြည့်စုံသည့် မြန်မာနှစ်သစ်ကူးကာလ၊ ထို့နောက် ကဆုန်လပြည့် ထူးကဲသည့်နေ့မြတ်ကာလတို့၌ မြန်မာနိုင်ငံတစ်ဝန်းလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြင်ကွင်းအဖုံဖုံကို မြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့စရာဖြစ်သည်။ ကောင်းသောအမှုတို့ကို တစ်နိုင်ငံလုံးလွှမ်းခြုံ ဆောင်ရွက်နိုင်သဖြင့် မြန်ပြည်တစ်ဝန်း အေးချမ်းသာယာမှုများ ပေါင်းစုနေမည်မှာ အမှန်ဖြစ်သည်။
May 05, 2023

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့်သဘာဝဘေးအန္တရာယ်များ၏ ၇၀ ရာခိုင်နှုန်းမှာ မီးဘေးအန္တရာယ် ဖြစ်သည်။ မီးဘေးကို သဘာဝဘေးအန္တရာယ်များအဖြစ် စာရင်းသွင်းထားသော်လည်း မီးလောင်ကျွမ်းမှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာ လူတို့ပေါ့ဆမှုကြောင့် လောင်ကျွမ်းရခြင်းဖြစ်ပြီး တစ်နေရာရာတွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်နှင့် အမြန်ဆုံးရောက်ရှိလာသည်မှာ မီးသတ်တပ်ဖွဲ့ဖြစ်သည်။
May 02, 2023

မြန်မာနိုင်ငံသည် ပထဝီအနေအထားနှင့် ရေမြေသဘာဝ ကောင်းမွန်သောနိုင်ငံဖြစ်သည်။ သဘာဝသယံဇာတများပေါများကြွယ်ဝပြီး စိုက်ပျိုးသီးနှံမျိုးစုံ ဖြစ်ထွန်းသည့်နိုင်ငံဖြစ်သည်။ အဆိုပါ သဘာဝကပေးသော အရင်းအမြစ်များကို အသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
May 02, 2023

မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး၊ အပြင်းထန်ဆုံး၊ အဆိုးရွားဆုံးအဖြစ် တွေ့ကြုံခံစားခဲ့ရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရမှုသည် ယနေ့တွင် ၁၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၈၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၁၁ ဒသမ ၈ ထရီလီယံအထိရှိခဲ့သည်။ ကမ္ဘာ့မှတ်တမ်းဝင်သည်အထိ ပျက်စီးဆုံးရှုံးမှုကြီးမားသည့် သဘာဝဘေးအန္တရာယ်ကြီး ကျရောက်ခဲ့ပြီးသည့်နောက် ဒေသခံများ ၏ လူမှုစီးပွားဘဝများမှာ များစွာပြောင်းလဲသွားခဲ့သည်။
May 01, 2023
အလုပ်သမားများသည် ပြည်သူများ၏ စားဝတ်နေရေး၊ ကုန်ထုတ်စွမ်းအား မြင့်မားရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရာ၌ အခြေခံအကျဆုံး မောင်းနှင်အားများဖြစ်သည်။ အခြေခံကျသော အလုပ်သမားများ၏ စွမ်းပကားဖြင့် သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်လောကကြီးအဖြစ် အစဉ်မပြတ် တည်ဆောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အလုပ်သမားများ၏ စွမ်းပကားများမှာ မြင့်မားလှသဖြင့် နိုင်ငံတိုင်းနိုင်ငံတိုင်းက အလုပ်သမားများ၏ ဘဝကို မြှင့်တင်ဖြည့်ဆည်းပေးလျက်ရှိသည်။
May 01, 2023

မေလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်သည်။ စက်မှုအရင်းရှင် ခေတ်ဦးပိုင်းတွင် အလုပ်သမားဟူသည် လောဘကြီးမားသော အလုပ်ရှင်တို့အဖို့ အမြတ်အစွန်း ပိုမိုရရှိနိုင်ရန်အတွက် အလုပ်ချိန်နှင့် လုပ်အားခများ ခေါင်းပုံဖြတ်ယူစရာ သားကောင်များ ဖြစ်ကြသည်။ တစ်ရက်လျှင် ၂၄ နာရီရှိရာ အလုပ်သမားများသည် ၁၆ နာရီမှ နာရီ ၂၀ အထိ အလုပ်လုပ်ကြရသည်။ အလုပ်ချိန်ကို ဤမျှရှည်လျားစွာ လုပ်ကြရသော်လည်း လုပ်အားခကိုမူ နည်းနိုင်သမျှ နည်းနည်းသာပေးပြီး အကြောင်းအမျိုးမျိုးဖြင့်လည်း လျှော့ချဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြသည်။
Apr 30, 2023

အားကစားဟူသည် အထူးတလည်လေ့ကျင့်တည်ဆောက်ထားသော ခွန်အား၊ သက်လုံ၊ ကျွမ်းကျင်မှု၊ နည်းစနစ်၊ စိတ်ဓာတ်နှင့်ဉာဏ်ရည်တို့ကိုအသုံးချကာ ရုပ်ပိုင်းရောစိတ်ပိုင်းပါ ယှဉ်ပြိုင်ကြရခြင်းဖြစ်သည်။ နိုင်ငံကိုယ်စားပြုအားကစားသမားများ နိုင်ငံအလိုက်ယှဉ်ပြိုင်ကြရာတွင် အားကစား၏အောင်မြင်မှုသည် နိုင်ငံ၏အောင်မြင်မှု၊ နိုင်ငံ၏ဂုဏ်သိက္ခာမြင့်မားမှု ဖြစ်လာသည်။ နိုင်ငံကိုယ်စားပြု အားကစားသမားများ၏ နိုင်ငံတကာပြိုင်ပွဲဝင်ယှဉ်ပြိုင်မှုများကို နိုင်ငံသူနိုင်ငံသားတစ်မျိုးသားလုံးက စိတ်ရောကိုယ်ပါတက်ကြွစွာအားပေးကြပြီး အောင်ပွဲအဆင့်ဆင့်ရရှိကြသည်နှင့်အမျှ တစ်မျိုးသားလုံးက ဂုဏ်ယူဝမ်းမြောက်ကြရခြင်း ဖြစ်သည်။
Apr 30, 2023

ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းသည် ရောဂါမဖြစ်အောင်ကြိုတင် ကာကွယ်ထားခြင်းဖြစ်သည်။ အထူးသဖြင့် ကူးစက်ပြန့်ပွားလွယ်သော ရောဂါအမျိုးမျိုးတို့ကို ကြိုတင်ကာကွယ်နိုင်သည်။ ဖြစ်ပွားနိုင်သည့်ရောဂါတို့အတွက် ဆိုင်ရာကာကွယ်ဆေးများ အလေးထားထိုးနှံထားခြင်းဖြင့် ရောဂါကြောင့် ဆိုးရွားစွာဖြစ်ပေါ်လာနိုင်မှုကို ကာကွယ်နိုင်သည်။
Apr 28, 2023

နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်စေရန်အတွက် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးသည်လည်း အရေးကြီးသည်။ နိုင်ငံတော်ထာဝရအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားများ၏ မြင့်မားသည့် အသိဉာဏ်ပညာစွမ်းပကားနှင့် တည်ဆောက်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်တရားကို တန်ဖိုးထားသည့်စိတ်၊ ကြိုးစားအားထုတ်မှုနှင့်တီထွင်ဖန်တီးလိုစိတ်များရှိရန် အထူးလိုအပ်သည်။