Skip to main content
Oct 09, 2022
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရှင်ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှစ၍ ၄၅ ဝါကာလပတ်လုံးမြို့ရွာများ၌ ဝါကပ်တော်မူရာ ဆဋ္ဌမဝါတွင် မကုဠတောင်၊ ချရားတောတွင် ဝါဆိုတော်မူပြီးနောက် သတ္တမဝါကို တာဝတိံသာနတ်ပြည်သို့ကြွတော်မူပြီး  မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအမှူးထား၍ လောကဓာတ်တစ်သောင်းမှ ရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူသည်။
Oct 09, 2022
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာပရိသတ်အပေါင်းတို့အား အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင်ပြီးဆုံး၍ နတ်ပြည်မှသည် လူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်း ကြွရောက်တော်မူခဲ့သည်။ ထို့ပြင် စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို အကျဉ်းနည်းဖြင့် ဟောကြားပြီးဆုံးသည့်နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သကဲ့သို့ အရှင်သာရိပုတ္တရာကတပည့်ငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် အဘိဓမ္မာတရား သင်ကြားပို့ချမှုပြီးဆုံးသည့်နေ့ရက်မှာလည်း သီတင်းကျွတ်လပြည့်နေ့ပင်ဖြစ်သည်။ သို့ဖြစ်သည့်အတွက် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် အစဉ်အဆက်ကျင်းပခဲ့ကြသည်။
Oct 07, 2022
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာသည့်စားနပ်ရိက္ခာ ဖူလုံမှုဆိုင်ရာစိန်ခေါ်မှုများကို ကမ္ဘာ့နိုင်ငံများစွာတို့ ကြုံတွေ့နေရသည်။ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံတို့၏အခက်အခဲက မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးရေးအခြေခံစားနပ်ရိက္ခာ ထုတ်လုပ်သည့်နိုင်ငံအဖို့ အခွင့်အလမ်းကောင်းများကို ဖြစ်ပေါ်လာစေသည်။
Oct 06, 2022
မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေး လုပ်ငန်းများကို အဓိကအားပြုလျက်ရှိပြီး နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများ ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကကျသည့် စီးပွားရေး မောင်းနှင်အားတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် MSME လုပ်ငန်းများကို ရာခိုင်နှုန်းများစွာ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
Oct 06, 2022
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့သော မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ချို့ယွင်းချက်များပါရှိနေသည့် အစီရင်ခံစာများ၊ တင်ပြချက်များနှင့် နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ပယ်ချလိုက်သည်။
Oct 04, 2022
ဒီမိုကရေစီနိုင်ငံများတွင် မြို့ရွာအေးချမ်းသာယာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ရဲတပ်ဖွဲ့က အဓိကတာဝန်ယူဆောင်ရွက်ကြသည်။ ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍမှာ အဓိကကျသဖြင့် ဒေသအလိုက် ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပြီး ပြည်သူများအား ကူညီကာကွယ်စောင့်ရှောက်ပေးနေသည်ကို တွေ့မြင်နိုင်သည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံတွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိသည်။
Oct 04, 2022
မိမိတို့နိုင်ငံ၏ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း MSMEs များ ရှင်သန်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရားမဝင် ကုန်သွယ်မှုများပပျောက်အောင် တားဆီး တိုက်ဖျက်ရန် လိုအပ်သည်။ စင်စစ်အားဖြင့် တရားမဝင် ကုန်သွယ်မှုသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် အခွန်ဘဏ္ဍာများ မှန်မှန်ကန်ကန်ရရှိရေး၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချမှုရရှိရေးတို့အတွက်လည်း ကြီးစွာသောအန္တရာယ်ပင်ဖြစ်သည့်အလျောက် မဖြစ်မနေတားဆီးတိုက်ဖျက်သွားရန် လိုအပ်သည်သာဖြစ်သည်။
Oct 03, 2022
သီဆို၊ တီးမှုတ်၊ ကခုန်ခြင်း အနုပညာသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း ၁၅၀၀ ကျော် ခန့်ကပင် ထွန်းကားခဲ့သည်။ ခရစ်နှစ် ၈ ရာစုတွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်ခဲ့သည့် သရေခေတ္တရာ ပျူယဉ်ကျေးမှုအဖွဲ့အကြောင်း တရုတ်ပြည်မှ မှတ်တမ်းများတွင် ဖော်ပြထားရာ ပျူယဉ်ကျေးမှုအဖွဲ့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားပုံနှင့် သီဆို၊ တီးမှုတ်၊ ကခုန်၊ ဖျော်ဖြေပုံတို့ကို အသေးစိတ်မှတ်တမ်းတင် ချီးကျူးခဲ့သည်။
Oct 03, 2022
(၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အစဉ်အလာကောင်းများကို နောင်လာနောက်သားတို့အား လက်ဆင့်ကမ်းနိုင်ရေး ကြိုးပမ်းကြပြီး စိန်ရတုကာလပြည့်မြောက်ခဲ့သည့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် မာကျောကျစ်လျစ်ခိုင်မာပြီး တန်ဖိုးရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့အဖြစ် ထိန်းသိမ်းကာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်မက ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ပါစေ”ဟု ဆုမွန်ကောင်းတောင်းခဲ့သည်။
Oct 02, 2022
မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဆန့်ကျင်တိုက်ခိုက် အကြမ်းဖက်မှုအခြေအနေကို လေ့လာကြည့်လျှင် ဒီမိုကရေစီရေး၊ နိုင်ငံရေးကိုခုတုံးလုပ်၍ ယုတ်မာပက်စက် အကြမ်းဖက်ရက်စက်သည့်လုပ်ရပ်များ လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်အဖျက်သမားတို့၏ ရက်စက်ယုတ်မာမှုလုပ်ရပ်များကို အားလုံးသိရှိပြီး ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြဖို့ လိုအပ်ပေသည်။