Mar 28, 2020
ကမ္ဘာပေါ်ရှိ လူပေါင်းသန်းသုံးထောင်ကျော်တို့ ကိုဗစ် - ၁၉ ကပ်ရောဂါကို ရှောင်ကြဉ်ရေးအတွက် အသွားအလာကန့်သတ်ကာ အိမ်တွင်းမှာသာ နေထိုင်နေကြပြီဖြစ်သည်။ မိမိတို့ နိုင်ငံတွင်လည်း ရန်ကုန်၊ မန္တလေး စသည့် လူနေထူထပ်စည်ကားလှသော မြို့ကြီး များနှင့်တကွ မြို့ပေါင်းများစွာတို့မှာ လူသွားလူလာရှင်းလင်း ငြိမ်သက်လျက်ရှိနေကြသည်။ မိမိတို့နိုင်ငံတွင် coVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း အတည်ပြုလူနာ နှစ်ဦးကို မတ်လ ၂၃ ရက်၌ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း လူစုလူဝေးများနှင့် စည်ကားနေသည့် မြင်ကွင်းများ တစ်နေ့ပြီးတစ်နေ့ ရှင်းလင်းသွားခဲ့ခြင်းဖြစ်သည်။
Mar 28, 2020
ဘန်ကောက် မတ် ၂၇
ထိုင်းနိုင်ငံ၌ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် အခြား နိုင်ငံခြားသားများအား ထိုင်းနိုင်ငံအစိုးရက ဇွန် ၃၀ ရက် အထိ ဗီဇာကင်းလွတ်ခွင့် ပြုထားသောကြောင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် စိုးရိမ်ပူပန်စရာမလိုတော့ဘဲ အလုပ်လုပ်ကိုင်နေထိုင် နိုင်ကြပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအရေး ဆောင်ရွက် နေကြသူများထံမှ သိရသည်။
Mar 28, 2020
မန္တလေး မတ် ၂၇
သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့မှ နေရပ်အသီးသီးသို့ ပြန်ကြမည့် ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရေးအတွက် ယာဉ်အသင်းများမှ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။
Mar 27, 2020
တစ်ကမ္ဘာလုံးဖြစ်ပွားနေသော COVID - 19 ရောဂါ၏ နောက်ဆက်တွဲ အကျပ်အတည်းများကို မြန်မာနိုင်ငံလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အစောပိုင်းကတည်းက အမျိုးသား အဆင့်ဖွဲ့စည်းပြီး တက်တက်ကြွကြွ အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိသည်။ လွန်ခဲ့သောရက်က ရောဂါပိုးတွေ့သူ သုံးဦး၊ မတ်လ ၂၇ ရက်နေ့တွင် ရောဂါပိုးတွေ့သူ နှစ်ဦး၊ မတ်လ ၂၈ ရက်နံနက်က ၀၀:၁၅ နာရီ ထုတ်ပြန်ချက်ပါ ရောဂါပိုးတွေ့ရှိသူ သုံးဦး စုစုပေါင်း ရှစ်ဦးရှိပြီဖြစ်သည်။
Mar 27, 2020
ရန်ကုန်၊ မတ် ၂၇
City mart Holding Co., ltd သည် မတ် ၂၅ ရက်နေ့တွင် “ဈေးဝယ်သူမိဘပြည်သူများ အားလုံးအတွက် နေ့စဉ်မရှိမဖြစ် လိုအပ်သော လူသုံးကုန်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဖို့နဲ့ မျှမျှတတ ဝယ်ယူနိုင်စေဖို့ ဝယ်ယူနိုင်မယ့် အရေအတွက်ကို ကန့်သတ်ထားပါတယ်ရှင်။ အားလုံးနားလည်ပေးပြီး ပူးပေါင်းပါဝင် ပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်” ဟူသည့် စာသားကို ၎င်းတို့ Face Book စာမျက်နှာနှင့် City Mart (စီးတီးမတ်) ဆိုင်ခွဲများတွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
Mar 27, 2020
နေပြည်တော် မတ် ၂၇
COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ လိုက်နာပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို သိရှိနိုင်ရန်နှင့် သတိနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် ၊ အသိပညာပေးခြင်းလုပ်ငန်းများကို နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဒေသများရှိ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
Mar 27, 2020
လဟယ်၊ မတ်၂၇
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ က နာဂဒေသဦးစီးအဖွဲ့ရုံးအစည်း ဝေးခန်းမ၌ ကျင်းပသည်။
Mar 27, 2020
မကွေး မတ် ၂၇
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (အောက်ထပ်) အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အလှူရှင်များမှ လှူဒါန်းမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 27, 2020
တီးတိန်၊ မတ် ၂၇
ချင်းပြည်နယ် တီးတိန်မြို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ်တောရေးရာ ဝန်ကြီး (တီးတိန်မြို့နယ် တာဝန်ခံ) ဦးမန်ဟင်းဒါလ်း၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အဆင့်ဌာ ဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ နံနက်၁၀ နာရီက ခွာဒိုခန်းမ၌ပြုလုပ်သည်။
Mar 27, 2020
ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်း ၁၉၀ ကျော်ကို ကူးစက်ပြန့်ပွားလျက်ရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
Mar 27, 2020
ရန်ကုန် မတ် ၂၅
“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။
Mar 26, 2020
အခုလည်း တရားဝင်နိုင်ငံတော်က ကြေညာထားပြီးပြီဖြစ်တဲ့အတွက်ကြောင့် ပွဲအကြီးပဲဖြစ်ဖြစ်၊ ပွဲအသေးပဲဖြစ်ဖြစ် ခဏလောက်တော့ အောင့်အည်းသည်းခံပြီးတော့ ပယ်ဖျက်ပေးစေချင်တယ် (တေးသံရှင် ဖြူဖြူကျော်သိန်း)
COVID-19 ရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို မတ် ၂၂ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။
Mar 26, 2020
၂၀၀၃ ခု မတ် ၈ ရက် (စနေနေ့) ။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ပြင်သစ်ဆေးရုံ ။
"တကယ်တော့ ဒီကိတ်မုန့်ကို ကျွန်တော်မစားသင့်ဘူး။ ရောဂါပိုးတွေ ပါချင်ပါနေမှာ" ဒေါက်တာ အူရ်ဘာနီ သည် ကိတ်မုန့်ကိုစားရင်း ရယ်ပွဲဖွဲ့လိုက်သည်။ နားထောင် နေသောသူများမှာ ရယ်ဖို့ခက်ခဲ စွာ ကြိုးစားနေရလေသည်။
ထိုဆေးရုံတွင် ထူးဆန်းသော ကူးစက်ရောဂါဖြစ်ပွားနေသည်။ ကူးစက်ခံရသူများမှာ ဖျားနာ၊ အသက်ရှူ ကျပ်၍ သေနေကြ၏။ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများမှာ ဖျားလျှင် ဓာတ်မှန်ရိုက်ကြည့် သောအခါ အဆုတ်ထဲတွင် ပိုးဝင်၍ အမည်းရောင်နေရာများမှာ ဖြူ၍နေသည် ကိုတွေ့ရ၏။
Lock down
Mar 26, 2020
မြန်မာ့နိုင်ငံရေးတူရူ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်ပြောင်းလဲလာသည့်အခါ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးဆိုသည့် ခေါင်းစဉ်တို့နှင့် တွဲလျက်ပါသည်မှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ဟူ၍ ဖြစ်၏။
Mar 26, 2020
ယနေ့သည် ၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဖြစ်သည်။ တပ်မတော်နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ ၂၇ ရက်နေ့တွင် အစဉ်အလာမပျက် ခမ်းခမ်းနားနား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော coVID-19 ရောဂါကြောင့် အများပြည်သူ ကျန်းမာရေးကို ရှေးရှု၍ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားခဲ့သည်။
Mar 26, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူအတွက် ကနဦးလျှပ်စစ်ဓာတ်အား ချိတ်ဆက်သွယ်တန်းရာတွင် ပိုမိုလွယ်ကူလျှင်မြန်မှုရှိစေရန် ရည်ရွယ်၍ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ (၂၀၀) ကေဗွီအေနှင့် အောက် ထရန်စဖော်မာများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး ပူးပေါင်းစစ်ဆေးမှုလုပ်ငန်းစဉ် (Joint Inspection) ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
Mar 26, 2020
နေပြည်တော်၊ မတ် ၂၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီက သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာအနီး၊ မူဆယ်-မန္တလေး ကားလမ်းတွင် စံအေး(ခ)အိုက်ပီး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၉၅ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ မြန်မာငွေကျပ် ၆၉၀,၀၀၀ ၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စံအေး(ခ)အိုက်ပီး (၃၅) နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)
Mar 26, 2020
နေပြည်တော် မတ်လ ၂၆
ရေလှောင်တမံဝန်းကျင်ဒေသ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ပြုစုတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 26, 2020
နေပြည်တော် မတ် ၂၆
COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများက ပြည်သူများနှင့် ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာများအရောက် ပညာပေးခြင်း လုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၅) ခုရှိ ဦးစီးမှူးများအား အင်တာနက်ကွန်ယက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်း ဆွေးနွေးသည်။
Mar 26, 2020
ရန်ကုန် မတ် ၂၆
“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မှုံရွှေရည်” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။
