Skip to main content
Jun 30, 2023
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်နှင့် သာသနိကအဆောက်အအုံများ တည်ဆောက်မှုတို့မှာ ပြီးစီးလုနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အခက်အခဲများစွာတို့ကို ရင်ဆိုင်ကျော်လွှား၍ ပမာဏအားဖြင့် ကြီးမားလှစွာသော လုပ်ငန်းများစွာတို့ကို ထက်သန်လှစွာသော သဒ္ဓါတရားဦးဆောင်လျက် လုံ့လဝီရိယ၊ ဉာဏ်ပညာခွန်အားတို့ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
Jun 29, 2023
ငါးပုစွန်မျိုးများ မပြုန်းတီးစေရေး၊ မျိုးကောင်းမျိုးသန့်ငါးများ တည်တံ့တိုးပွားကာ ရေရှည်ထုတ်ယူစားသုံးနိုင်စေရေးတို့အတွက် ငါးသားပေါက်သည့် မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် သက်ဆိုင်ရာကနှိုးဆော်လျက်ရှိသည်။ မိုးဦးကျဇွန်၊ ဇူလိုင်လတို့တွင် မြစ်ချောင်းအင်းအိုင်များ၌ သဘာဝအလျောက် ဥချသားပေါက်ကြမည့် အထီးအမငါးကြီးများ ဥချရန် နေရာရှာကာ ငါးရစ်တက်ကြသည်။ ယင်းကာလအတွင်း ဖမ်းဆီးခြင်းမပြုဘဲ ငါးများသားပေါက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ငါးတစ်ကောင်မှ ထောင် သောင်းနှင့်ချီ၍ ငါးများ တိုးပွားလာနိုင်မည်ဖြစ်သည်။
Jun 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် ပထမအချက်တွင် “ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်” ဟု ချမှတ်ထားသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ အဓိကလိုအပ်ချက်မှာ လူမှုဘဝတွင် လုံခြုံစိတ်ချစွာဖြင့် စိတ်အေးချမ်းစွာနေထိုင်နိုင်ပြီး စီးပွားဥစ္စာရှာဖွေစားသောက်နိုင်ရေးဖြစ်သည်။
Jun 27, 2023
ယခုနှစ်မိုးစပါးရာသီတွင် စပါးအထွက်တိုးရေးအတွက် မြေဆီလွှာဖွံ့ဖြိုးကောင်းမွန်လာစေရန် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မြေခံထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်သည်။ သစ်စိမ်းမြေဩဇာဆိုသည်မှာ စိုက်ပျိုးမည့်သီးနှံပင်များ အာဟာရ ရရှိနိုင်ရေးအတွက် ပိုက်ဆံလျှော်ပင်၊ ပဲမျိုးရင်း ဝင်အပင်များ စသည်တို့ကို စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် ထည့်သွင်းခြင်းဖြစ်သည်။
Jun 23, 2023
မူပိုင်ခွင့်ဟူသည် နိုင်ငံတစ်နိုင်ငံရှိ အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ပေးသည်။ မူပိုင်ခွင့်ဆိုသည်မှာ မည်သူသည် ထိုအရာအား အမှန်တကယ်ဖန်တီးသည်ဟု မှန်ကန်စွာအဆုံးအဖြတ်ပေးသည်။ မူပိုင်ခွင့်သည် ဥပဒေတစ်ခုဖြစ်ပြီး ဖန်တီးသူအတွက် ၎င်းဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် ဝင်ငွေရရှိမှုလွယ်ကူသည်။ မူပိုင်ခွင့်ရှိမှသာ ဖန်တီးထုတ်လုပ်သူအတွက် အခွင့်အရေးများပိုင်ဆိုင်နိုင်သည်။
Jun 23, 2023
မိုးရာသီတိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုများကို မြို့နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိကြသည်။ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးက အဓိကဖြစ်သည့်အလျောက် အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်များ မွေးမြူထုတ်လုပ်နိုင်ရန် တိရစ္ဆာန်အစာပင်စိုက်ပျိုးထုတ်လုပ်မှုက အရေးပါသည်။ တိရစ္ဆာန်အစာပင်များ အမြောက်အမြား ပိုလျှံစွာစိုက်ပျိုးထုတ်လုပ်နိုင်ပါက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများလည်းရှိနေရာ မွေးမြူရေးတိရစ္ဆာန်များ အာဟာရပြည့် ကျွေးမွေးနိုင်ရန်နှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးသွားကြရမည်ဖြစ်သည်။
Jun 22, 2023
နိုင်ငံတစ်နိုင်ငံတွင် နောက်ခံအကြောင်းတရားများအရ အပြောင်းအလဲဖြစ်စေသော အကြောင်းအကျိုးအမျိုးမျိုးရှိမည်ဖြစ်သည်။ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ အရေးကြီးသည်မှာ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် လက်တွေ့ဆောင်ရွက်ချက်များရှိရမည်ဆိုလျှင် ကောင်းမွန်သည့်ဆောက်ရွက်နေမှုများကို လက်ခံကြမည်ဖြစ်သည်။
Jun 22, 2023
လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးတွင် နေ့စဉ်မဖြစ်မနေစားသောက်နေကြရသည့် အစားအစာများ ဘေးကင်းလုံခြုံရေးကလည်း အရေးကြီးသည်။ ဘေးကင်းလုံခြုံသည့် အစားအစာဆိုသည်မှာ ဇီဝအန္တရာယ်၊ ဓာတုအန္တရာယ်၊ ရူပအန္တရာယ်များကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အစားအစာများပင်ဖြစ်သည်။ အစားအစာများ ဘေးကင်းလုံခြုံရေးကို နိုင်ငံတိုင်းက အလေးထားကြပြီး မိမိတို့နိုင်ငံသို့ ပြည်ပနိုင်ငံများမှ တင်သွင်းလာသော အစားအစာများ ဘေးကင်းလုံခြုံမှုရှိစေရန် သတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများပြဋ္ဌာန်းထားပြီး စဉ်ဆက်မပြတ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။
Jun 21, 2023
ပြည်သူများအတွက် နေ့စဉ်လူမှုဘဝလိုအပ်ချက်မှာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်စွာဖြင့် အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသောက်ရေး ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝ၊ ရေခံမြေခံကောင်းများရှိပြီးဖြစ်၍ ပြည်သူများစားရေးအတွက် နေ့စဉ်လိုအပ်သည့် စားရေရိက္ခာများကို စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ လုံလောက်စွာထုတ်လုပ်ရောင်းချပေးလျက်ရှိသည်။
Jun 21, 2023
အမေရိကန်နိုင်ငံက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းတွင် ထည့်မည်ဟူသော သတင်းတစ်ပုဒ် ထိုင်းနိုင်ငံရုပ်သံသတင်းဌာနတစ်ခုက ထုတ်လွှင့်သွားသည့်အပေါ် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် မိမိတို့နိုင်ငံကို အလုံးစုံပျက်သုဉ်းသွားသည်အထိ မြင်တွေ့လိုသူ အဖျက်စိတ်ဓာတ်ရှိသူများ၊ မြန်မာနိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် အကြမ်းဖက်အုပ်စုဝင်များက ယင်းသတင်းအပေါ် ဝမ်းပန်းတသာရှိနေကြပြီး ပြည်တွင်းရှိလုပ်ငန်းရှင်များ၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသူများ၊ သင်္ဘောသားများ စသည့် အသိုင်းအဝိုင်းတို့က ယင်းသတင်းအပေါ် စိုးရိမ်နေကြခြင်းဖြစ်သည်။