Skip to main content

Nov 18, 2024

ရေကြီးနစ်မြုပ်မှုကြောင့် ငါးမွေးမြူကန်ပတ်ဝန်းကျင်မှ အမှိုက်သရိုက်ဆွေး၊ အနည်အနှစ်များ၊ ဘေးအန္တရာယ်ရှိသောအညစ်အကြေးများ၊ အဆိပ်အတောက်ဖြစ်စေနိုင်သည့်အရာများ (ပိုးသတ်ဆေး ဓာတ်ကြွင်း)၊ ရောဂါဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားပိုးမွှားများကြောင့် အနီးဝန်းကျင်နေထိုင်သည့်လူများသည် အသုံးပြုမည့်ရေကို သေချာစွာကျိုချက်သန့်စင် အသုံးပြုကြပါရန်၊

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ်အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့်(သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်(သောကြာနေ့)မှ ဒီဇင်ဘာ ၈ ရက် (တနင်္ဂနွေနေ့)အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် လဝကရုံး(ဟစ်တိုင်)ဟု အမည်ပေးထားသော Facebook Group တွင် ပွဲစားများနှင့်ချိတ်ဆက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား(အတု)၊ Unique ID (UID) အတုများဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသဖြင့် ဝန်ကြီးဌာနမှ ယင်းဖြစ်စဉ်အား စစ်ဆေးဖော်ထုတ်ခဲ့ရာ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ (၃)ဦးအား သင်္ကန်းကျွန်းမြို့မရဲစခန်းတွင်လည်းကောင်း၊ Aent Hmue အကောင့်ပိုင်ရှင်အံ့မှူးပါ (၁၁)ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင်လည်းကောင်း၊ ရဲထက်စိုးပါ(၅)ဦးအား မြဝတီမြို့မရဲစခန်းတွင်လည်းကောင်း၊ သန့်ဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်း၊ အောင်သူထက်အား စမ်းချောင်းမြို့မရဲစခန်း၊ ခင်မောင်ကျော်အား မော်လမြိုင်မြို့မရဲစခန်းနှင့် ထက်မြတ်အောင်အား ဒလမြို့မရဲစခန်းတွင်လည်းကောင်း တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုအမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ မြန်မာနိုင်ငံဝါလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ကြိုင်၏ ဝါကြိတ်စက်သို့ သွားရောက်၍ မင်းဘူး၊ မင်းလှမြို့နယ်တို့မှဝါ၊ နေကြာစိုက်သမဝါယမအသင်းသား တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ လုပ်ငန်းလိုအပ်ချက်များဖြစ်သော ဝါမျိုးကောင်းမျိုးသန့်များ အချိန်မီရရှိရေး၊ စိုက်ဧကတိုင်းအတွက် လုံလောက်စွာရရှိရေး၊ ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေး တင်ပြချက်အပေါ်လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

နေပြည်တော် သံဝေဇနိယလေး ဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဂေါပကအဖွဲ့ရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

(က) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

(က) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ရာသီသီးနှံကို ပြောင်းလဲစိုက်ပျိုးနိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းတို့နှင့် အကျုံးဝင်သည့်ယာဉ်များ၊ Taxi အငှားယာဉ်များ၊ School Bus ယာဉ်များနှင့် နှစ်တန်နှင့် အထက်အငှားယာဉ်များအား ယာဉ်စစ်ဆေး၍ သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်ရှစ်ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် ၂၀၂၄ ခုနှစ် တရုတ်အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးညီလာခံသို့ တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ က ရန်ကုန်မြို့မှ ကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူး ခရီးသွားပြည်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ပထမနှစ်ဝက်သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းနှင့် တတိယနှစ်၊ စတုတ္ထနှစ်နှင့် ဘွဲ့လွန်တန်း ဒုတိယနှစ်ဝက်သင်တန်းများ၏ သတင်းပို့လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်(ကြာသပတေးနေ့)မှစ၍ ပိတ်ရက်မရှိ လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းနှစ်အားလုံးကို နိုဝင်ဘာ ၂၁ ရက်(ကြာသပတေးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 18, 2024

ယဉ်ကျေးမှုကို မြန်မာအဘိဓာန်တွင် “သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိသော ဓလေ့ထုံးတမ်း”စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အဆိုပါမြတ်နိုးဖွယ်ရာ ဂုဏ်အင်္ဂါများမှာ မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်ထွန်းကားခဲ့သလို မကြာသေးမီကာလက ကျင်းပဆင်နွှဲခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာပွဲတော်များတွင် ထင်ရှားပေါ်လွင်စွာ ညွှန်းဆိုပြသခဲ့သဖြင့် အတိုင်းမသိ ဝမ်းမြောက်ကြည်နူးမိသည်။

ဆက်လက်ဖတ်ရှုရန်