Nov 04, 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မိမိတို့နိုင်ငံ၏ စက်သုံးဆီတင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၁၂၉ ဘီလီယံရှိသည်။ ဒီဇယ်ဆီ၊ ဓာတ်ဆီ စသည့် စက်သုံးဆီများကို စက်ယန္တရားများ မောင်းနှင်ရာတွင် အသုံးပြုကြရာ အများစုမှာ မော်တော်ယာဉ် များတွင် အသုံးပြုကြခြင်းဖြစ်သည်။ ယခုအခါ မိမိတို့ နိုင်ငံတွင် မှတ်ပုံတင်မော်တော်ယာဉ်စီးရေ တစ်သန်းခန့်နှင့် မော်တော် ဆိုင်ကယ်စီးရေ ခြောက်သန်းခန့်ရှိနေရာ မြေပြင်အခြေအနေတွင် ယင်းထက်ပိုမည်မှာ သေချာသည်။ မှတ်သားဖွယ်အချက်မှာ လူဦးရေ ခုနစ်သန်းကျော် နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကားစီးရေခုနစ်သိန်းကျော် ရှိနေသည့်အတွက် တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်စီးရေ၏ သုံးပုံ နှစ်ပုံခန့် ရန်ကုန်တွင် တည်ရှိနေခြင်းပင်ဖြစ်သည်။
Nov 01, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလာခဲ့ပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၄ ဒသမ ၄၇ ရာခိုင်နှုန်းမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ၃ ဒသမ၈၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားရာ ရည်မှန်းထားသည့် ပိုးတွေ့ရာခိုင်နှုန်း သုံးရာခိုင်နှုန်းအောက်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သုံးရာခိုင်နှုန်းအောက် ရောက်ရှိလာလျှင် စိတ်ချရသော အနေအထားဖြစ်၍ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်။
Nov 01, 2021

စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ကလူတို့၏ စိတ်နှလုံးကို စိုးမိုးချုပ်ကိုင်ခြယ်လှယ်နိုင်သော စွမ်းအင်များ ရှိကြသည်။ ၎င်းတို့သည် မီဒီယာများဖြစ်ကြသည့်အလျောက် ပြည်သူလူထုအတွင်း သတင်း ဖြန့်ဝေနိုင်သည့် အစွမ်းလည်း ရှိကြသည်။ နာမည်ကြီးဝတ္ထုထဲမှ ဇာတ်ကောင်၏ စရိုက် လွှမ်းမိုးခြင်းခံရသည့် စာဖတ်ပရိသတ်တို့ ရှိခဲ့ဖူးသလို ဝတ္ထုထဲမှ ဇာတ်လိုက်၏ ကြိုးပမ်းရုန်းကန်မှုကို အတုယူကာ ဘဝတွင် အောင်မြင်မှုရရှိသူများလည်း ရှိခဲ့သည်။ ရုပ်ရှင်ဇာတ်ကားထဲမှ သရုပ်ဆောင်တို့၏ အမူအရာ၊ ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံ၊ ဇာတ်ဝင်စကားလုံးများကလည်း လူငယ်လူရွယ်များအတွင်း အချိန်တိုအတွင်း ပျံ့နှံ့သွားတတ်လေ့ရှိသည်။ သဘင်၊ ဂီတ စသည့် အနုပညာ တို့သည်လည်း ဤနည်းနှင်နှင်။ ။
Oct 30, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ကြိုးပမ်းတည်ဆောက်နေသော အချိန်အခါတွင် ပြည်ပရောက် ဒီမိုကရေစီအရေခြုံ အမျိုးသားသစ္စာဖောက် များနှင့် သွေးထိုးမြှောက်ပင့်ပေးနေသော ပြည်ပနိုင်ငံအဖွဲ့ အစည်းအချို့ ပူးပေါင်းလျက် မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် နည်းလမ်း အမျိုးမျိုးဖြင့် ဝင်ရောက် စွက်ဖက်နှောင့်ယှက်နေကြသည်ကို တွေ့ရသည်။
Oct 30, 2021

"ရေကိုမူလ ချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပြီး၊ လောင်စာကိုပါ ချွေတာပါ”။
Oct 26, 2021
“မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့် မူဝါဒများ ကို အခိုင်အမာ ယုံကြည်ပြီး မိမိတို့လူသားများ အားလုံးအတွက် ကျန်းမာချမ်းသာ ကြွယ်ဝ၍ တိုးတက်ရှင်သန်သော ကမ္ဘာကြီးတစ်ခု တည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏အပြုသဘောဆောင် ကြိုးပမ်းအားထုတ်မှု များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်” ဟု (၇၆) နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။
Oct 26, 2021

Proxy War ဟူသော အင်္ဂလိပ်ဝေါဟာရကို ကိုယ်စားစစ်ပွဲ၊ ကိုယ်စားပြုစစ်ပွဲ စသည်ဖြင့် ဘာသာပြန်ဆိုကြသည်။ နောက်ကွယ်မှ အင်အားကြီးနိုင်ငံတို့၏ အကူအညီအထောက်အပံ့ဖြင့် ၎င်းအင်အားကြီးနိုင်ငံတို့၏ အကျိုးစီးပွားများအတွက် နိုင်ငံတစ်နိုင်ငံအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများအကြား သို့မဟုတ်နိုင်ငံငယ်များ အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်နိုင်ငံကို စစ်တလင်းပြု၍ သူတစ်ပါးအကျိုးအတွက် အသက်သွေးချွေးတို့ကို ပေးဆပ်ကာ စစ်ခင်းကြခြင်းဖြစ်သည်။
Oct 20, 2021
ယနေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အပေါင်းတို့အတွက် နေ့ထူးနေ့မြတ်နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် အများအားဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာသမားများအား ပူဇော်ကန်တော့ခြင်းနှင့် ပွဲလမ်းသဘင်များ ပြုလုပ်ကြသည်။ အမှန်တကယ်တွင် သီတင်းကျွတ်လပြည့်နေ့၏ ထူးကဲမွန်မြတ်သောအနှစ်သာရနှင့် ဂုဏ်ထူး ဝိသေသများကို သိရှိနားလည်ရန် လိုအပ်ပါသည်။
Oct 20, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ်(၁၈၆/၂၀၂၁)ဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၁၃၁၆ ဦးတို့ကို ပြစ်ဒဏ်များလျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ရရှိခဲ့သည့် အကျဉ်းသား အကျဉ်းသူများမှာ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံနေကြရသူများဖြစ်ပြီး "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ဆူပူဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ကရား စွဲဆိုခြင်းခံနေရသူ ၄၃၂ဝ တို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁၈၇/၂၀၂၁)ဖြင့် အမှုများကို ပိတ်သိမ်းပေးခဲ့သည်။
Oct 18, 2021
ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ်ခံစား နေကြရသည်။ မြန်မာနိုင်ငံတွင် လည်း သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့နေရသည်။ ယမန်နှစ်အထိ နှစ်စဉ်ရေကြီးရေလျှံမှု၊ မြေပြိုမှ၊ မိုးကြိုး မုန်တိုင်း၊ လေပြင်းဒဏ်များကို ကြုံတွေ့ ခဲ့ရသည်။ ယခုနှစ်တွင် ယခင်နှစ်များထက်စာလျှင် မြန်မာနိုင်ငံ၌ အနည်းဆုံးကြုံတွေ့ရသည်ကို တွေ့ရသည်။