Mar 18, 2020
နေပြည်တော် မတ် ၁၈
နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းသည် ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင်ပညာရေးမှူး ဒေါ်လှမျိုးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးစောသန်းထွန်းတို့နှင့်အတူ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုလျက်ရှိသော ငန်းစပ် စာစစ်ဌာနနှင့် မင်းကုန်းစာစစ်ဌာနရှိ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှု အခြေအနေ၊ အေးချမ်းစွာ ဖြေဆိုနိုင်ရေး လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုခဲ့သည်။
Mar 18, 2020
နေပြည်တော် မတ် ၁၇
အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ (NPSC) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးတင်ပြ
Mar 18, 2020
ပဋိဇီဝဆေးယဉ်ပါးခြင်းနှင့် အကြောင်းရင်းများ
ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော ဗက်တီးရီးယားရောဂါပိုးမွှားများကို သေစေရန် သောက်သုံး ရသည့်ဆေးကို ပဋိဇီဝဆေး (Antibiotic) ဟုခေါ်သည်။ ထိုပဋိဇီဝဆေး များကို ဗက်တီးရီးယားပိုးများက ခံနိုင်ရည်ရှိပြီး ဆေးမတိုးတော့ခြင်းကို ပဋိဇီဝဆေး ယဉ်ပါးမှုဖြစ်ခြင်းဟု ခေါ်ပါသည်။ ပဋိဇီဝဆေး ယဉ်ပါးခြင်းကြောင့် ကူးစက်တတ်သောရောဂါများကို ကုသနိုင်စွမ်းများ လျော့နည်းသွားကြ ရသည်။
Mar 18, 2020
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကြွယ်ဝချမ်းသာမှုဆိုသည်ကို ၎င်းနိုင်ငံ၏ ပညာရေးစနစ်၊ ပြည်သူများ၏ ဉာဏစွမ်းအားကို ပံ့ပိုးထိန်းသိမ်းပေးသည့် စာသင်ကျောင်းများနှင့် တက္ကသိုလ်များ၏ အဆင့်အတန်း သည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်၍ ၎င်းအဆင့်အတန်းများနှင့် သတ်မှတ်တိုင်းတာနိုင်သည်။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကောင်းမွန်မှု၊ တိုင်းပြည်၏ မျှော်လင့်ချက်များ ကြွယ်ဝဖြိုးမောက်ခဲ့မှု ပြယုဂ်ဖြစ်ခဲ့သည့် အမိတက္ကသိုလ်(ရန်ကုန်တက္ကသိုလ်)သည် ၁၉၂၀ ပြည့်နှစ်မှစတင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်း ၁၀၀ တိုင်ရှိခဲ့ပြီဖြစ်သည်။
Mar 18, 2020
ရန်ကုန် မတ် ၁၇
ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၌ COVID-19 ရောဂါကာကွယ် ကုသရေးလုပ်ငန်းတွင် အသုံးပြုရန် လိုအပ်သော စက်ပစ္စည်းများနှင့် ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် IBPC နှင့် GGIH ဥက္ကဋ္ဌ ဦးအိုက်ထွန်းနှင့် အလှူရှင်များက COVID-19 ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းအတွက် ငွေကျပ် သိန်း ၅၅၀ တန်ဖိုးရှိ စက်ပစ္စည်းများ၊ PPE ဝတ်စုံများ၊ Surgical Mask များ၊ အောက်ဆီဂျင်ဘူးများနှင့် လက်သန့်ဆေးရည်များကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
Mar 17, 2020
နေပြည်တော် မတ် ၁၇
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Mar 17, 2020
(၁၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံအသီးသီးမှ COVID-19 ရောဂါ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားရှိသော လူနာများထံမှ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိပါသည်။
၂။ ယနေ့နံနက် (၁၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၀၅) နာရီတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) မှ ပေးပို့လာသော ဓာတ်ခွဲအဖြေအရ (ဇယား -၁) တွင် ဖော်ပြထားသော စောင့်ကြည့်လူနာ၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး မရှိကြောင်း သိရှိရပါသည်။
Mar 17, 2020
(၁၇-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။
Mar 17, 2020
ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက် ခွင့်ပြုသည့် ညွှန်ကြားချက်ထုတ်ပြန်ခြင်း
၁။ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်သည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၉ ဖြင့် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာ များနေ့စဉ် အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာ ကို ထုတ်ပြန်ခဲ့ပါသည်။
Mar 17, 2020
ကျောက်ထု မတ် ၁၆
ကျောက်ထုမြို့နယ်နှင့် ချင်းတောင်များမှထွက်ရှိသော ဝဥ မျိုးစေ့ များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်များက ကွင်းဆင်း စနစ်ဖြင့် တိုက်ရိုက်ဝယ်ယူလျက်ရှိကြောင်း ကျောက်ထုမြို့ ဝဥစိုက်ပျိုးရောင်းချသူ ဦးစိုင်းစိုင်းက ယနေ့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဝဥ မျိုးစိတ် ၁၈ မျိုးရှိ ကြောင်း၊ အရောင်များ အနေဖြင့် အဖြူ၊ အဝါ၊ ပန်းရောင် စသည့် အရောင်သုံးမျိုးရှိပြီး အဝါဥ နှင့် ပန်းရောင်ဥများက အရည်သွေးကောင်းကာ ဈေးကောင်းရကြောင်း၊ ဝဥ အဖြူများကို စက်ရုံများမှ ဝယ်ယူလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
Mar 17, 2020
Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း ၁၁-၃-၂၀၂၀ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ် ကြေညာခဲ့ပြီးဖြစ်ပါသည်။ COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အလေးပေးရှေးရှုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသခြင်းများအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆) ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားရန် အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
Mar 16, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ကို ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် သတ်မှတ်ကြေညာခဲ့ပါသည်။
ဤရောဂါက ကမ္ဘာနှင့်ချီ၍ ကူးစက်ပြန့်ပွားသည့် ဗိုင်းရပ်စ်ပိုး ရောဂါဖြစ်၏။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ပြီး နှစ်လ သုံးလအတွင်း နိုင်ငံအများအပြားကို ချက်ချင်းဆိုသလို ကူးစက်သွား ခဲ့သည့် အတွက် ကမ္ဘာတစ်ဝန်းလုံး တုံ့ပြန်မှု မြန်မြန်ဆန်ဆန်ဖြင့် တားဆီးကာကွယ်နိုင်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြပေသည်။
Mar 16, 2020
နေပြည်တော် မတ် ၁၆
AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးကားလမ်းကြောင်းတစ်လျှောက် ICRC ထောက်ပံ့ရေး ယာဉ်တန်း အပါအဝင် တပ်မတော်ယာဉ်တန်းများအား မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 16, 2020
နေပြည်တော် မတ် ၁၆
ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် တပ်မတော်မှ ဆန်အိတ်များ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပလက်ဝမြို့ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ တပ်မတော်မှ လှူဒါန်းသည့် ဆန်အိတ် ၁၀၀ အား နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းရာ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လောဟာနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
Mar 16, 2020
နေပြည်တော် မတ် ၁၆
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အပြန်အလှန်ပစ်ခတ်မှုများကြောင့် မိတ်စာ(ရှေ့)ကျေးရွာ မှ ဒဏ်ရာရသူအချို့ မတူပီမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
Mar 16, 2020
နေပြည်တော် မတ် ၁၆
ထာဝရငြိမ်းချမ်းရေးစေတီတော်၌ ဘုရားဖူးပြည်သူများ အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် စေတီတော် ရင်ပြင်တော်နှင့် ဂန္ဓကုဋိတိုက် တို့တွင် စကျင်တာရာဇိုခင်းခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 16, 2020
မြန်မာနိုင်ငံတွင် တန်ဖိုးအရှိဆုံး၊ အရေးအကြီးဆုံး အထင်ကရနေရာများစွာ ရှိသည်။ များသောအားဖြင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် စသည့် အမွေအနှစ်များကိုသာ ညွှန်းဆိုဖော်ပြလေ့ရှိသည်။ အမှန်တကယ်တွင် တန်ဖိုးအရှိဆုံးနှင့် အရေးအပါဆုံးအမွေအနှစ်တို့တွင် နိုင်ငံ၏အနာဂတ်ကို အကောင်းဆုံးထုဆစ်ပုံဖော်ပေးနိုင်သည့် အသိဉာဏ်ပညာ၊ တွေးခေါ်မြော်မြင်မှုများ၊ ပညာအမွေအနှစ်များ ပျိုးထောင်ရင်းနှီးမြှုပ်နှံရာ၊ စုဝေးရာကိုဆိုချင်သည်။
Mar 16, 2020
နေပြည်တော် မတ် ၁၆
လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 16, 2020
နေပြည်တော် မတ် ၁၆
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြား စာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၆၃ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၇၈ ခုတွင် ဖြေဆိုသူပေါင်း ၇၅၁၁၅၄ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
Mar 16, 2020
နေပြည်တော် မတ် ၁၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ပါဝင်သော စုံညီခုံရုံးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်ပြီး တရားမ အထူးအယူခံမှု (၆) မှုကို စီရင်ချတ်ချမှတ်၍ တရားမ အထူးအယူခံမှု (၈) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
